မီဒီယာနှင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ 

နေပြည်တော်  ၁၄   ဖေဖော်ဝါရီ  

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ BBC Media Action ရေကြည်ရာအစီအစဉ်နှင့် International Labour Organization (ILO) တို့ပူးပေါင်း၍ Livelihood and Food Security Trust Fund (LIFT) ၏ အကူအညီဖြင့် မီဒီယာနှင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနား၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် ပြည်သူလူထုနှင့် အလုပ် သမားတို့၏ အကျိုးစီးပွားတိုးတက်လာရေး အဓိက ဦးတည်ပြီး ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် မီဒီယာများအကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်လာစေရန်၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများအကြား မိမိတို့လုပ်ဆောင် နေသော အလုပ်တာဝန်နှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မှုအပေါ် နားလည်မှုတိုးလာစေရန်၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ပတ်သက်သည့် အရေးကိစ္စများကို ပိုမိုနက်နဲစွာ နားလည်လာစေရန်နှင့် မတူညီသည့်ရှုထောင့်များမှ တင်ဆက်ထုတ်လုပ်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း။

 

‌ေ

 

ဝန်ကြီးဌာနအနေဖြင့် ဘီဘီစီမီဒီယာအက်ရှင်၊ ရေကြည်ရာမှ ဆောင်ရွက်ခဲ့သည့် တရားမဝင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု လျော့ကျရေး၊ အလုပ်သမားအဖွဲ့အစည်းများ ထိရောက် စွာ ဖွဲ့စည်းနိုင်ရေး၊ အိမ်တွင်းအထောက်အကူပြုအလုပ်သမားများကို ပိုမို အကာအကွယ်ပေးနိုင် မည့်ဥပဒေများပေါက်လာစေရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ပပျောက်စေရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးမြှင်တင်နိုင်ရေး၊ ပြည်ပသို့ အလုပ်သမားများ MoU စနစ် ဖြင့်သွားရောက်ခြင်း၏ အားသာချက်၊ အားနည်းချက်များစသည့် ခေါင်းစဉ်များနှင့် ကျင်းပပြုလုပ် သည့်ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း၊    ဆွေးနွေးပွဲများမှတစ်ဆင့် အလုပ်အကိုင်နှင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များကို မူဝါဒရေးရာအကောင် အထည်ဖော်နေသည့်အစိုးရ၊ ဥပဒေပြုလွှတ်တော်၊ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက် နေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်ရှင်/အလုပ်သမားများ၊ အများပြည်သူအကြား ပိုမိုသိရှိနားလည်သဘောပေါက်လာစေမည်ဖြစ်ကြောင်း။ 

ဘီဘီစီရေကြည်ရာအစီအစဉ်၏ ထုတ်လွှင့်မှု မှတစ်ဆင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို  သိရှိရ၍ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ရန် ချိတ်ဆက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ တရားမဝင် ရွှေ့ပြောင်းသွားလာခြင်းကြောင့် တွေ့ကြုံရမည့် အခက်အခဲများ၊ အန္တရာယ်များကို သိရှိနိုင်မည့် အပြင် ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်လုပ်ကိုင်မှုကြောင့် ကြုံတွေ့ရသည့် ပြဿနာ များကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေကြည်ရာအစီအစဉ်သည် သတင်းအချက် အလက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ မှန်ကန်စွာ ရရှိနိုင်ရေး တဖက်တလမ်းမှ အထောက် အကူဖြစ်စေ သည့်အတွက် ဝန်ကြီးဌာနမှ လိုအပ်သည့်ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ILO မှကိုယ်စားလှယ်နှင့် LIFT မှ ကိုယ်စား လှယ်တို့က အမှာစကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘီဘီစီမီဒီယာမှ ကိုယ်စားလှယ်များ၊ ILO Yangon မှ ကိုယ်စား လှယ်များ၊ Livelihoods and Food Security Fund- LIFT မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ NGO နှင့် INGO တို့မှ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)