မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ 

နေပြည်တော်  ၁၄  ဖေဖော်ဝါရီ 
          

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၁ ရက်မှ  ၁၂ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးလျက်ရှိရာ သပိတ်ကျင်း မြို့နယ်၊ သောင်းဗွက်တောင် ကြိုးဝိုင်းအကွက်အမှတ်(၉၂)အတွင်း တရားမဝင် အင်/သစ်ယာ/ ပျဉ်းကတိုး/ သစ်/ ခွဲသား (၁၂ဒသမ၈၃၂၀) တန်၊ CHANGCHAI(25) အင်ဂျင်(၁)လုံးပါ သစ်စက် ဆက်စပ် ပစ္စည်းများ ၊ မြိတ်မြို့နယ် ကုန်းဖောက်ရပ်၊ ကုန်းဖောက် ချောင်းကမ်းနံဘေးနေရာ၌ တရားမဝင် ဟင်းချိုရိုင်း/ တောင်ဒူးရင်း/ တောင်လန်းဖဲ/ လေသရက်ခွဲသား (၁၂ဒသမ၈၀၄၄) တန် ၊ မင်းကင်း မြို့နယ်၊ ချင်းတွင်း မြစ်ကမ်းဘေး သင်တောကျေးရွာအနီးနှင့် ခတ်လုံကျေးရွာအနီးနေရာများ၌ တရားမဝင် သစ်ယာ/ သပြေ/ စကားဝါ/ အင်ခွဲသား (၁၁ဒသမ၇၃၆၈)တန် ၊ တမူး-ကလေး ကားလမ်း၊ ခမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာ၏ မြောက်ဘက် (၆)ဘီးယာဉ်များပေါ်မှ တရားမဝင် ကညင် သစ် (၇ဒသမ၈၅၂)တန်အား ဖမ်းဆီးရမိခဲ့သည်။

 

3

 

ထို့ပြင် ဂန့်ဂေါမြို့နယ်၊ ကျောသစ်တောကင်းစခန်း အရှေ့၊ ဂန့်ဂေါ-ပုလဲကားလမ်း၊ မိုင်တိုင် အမှတ်(၇၂/၅)နေရာ၌ (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်ပိတောက်/ပျဉ်းကတိုးခွဲသား (၂ဒသမ၄၁၉၆)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ(၂)ဦး ၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၆) (၁၆/၇)ကြားနေရာ၌ မော်တော်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀ဒသမ၁၄၆၈)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ(၂)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

8

 

ညီညီသန်း (နေပြည်တော်)