နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် Max Planck and the Chubb Rule of Law Fund မှ ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၄  ဖေဖော်ဝါရီ 

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Max Planck and the Chubb Rule of Law Fund မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် လက်ခံတွေ့ဆုံသည်။

           

တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် Max Planck and the Chubb Rule of Law Fund တို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ ခုံရုံး သုတေသန ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒ တည်ဆောက်မှု၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအကြား ဆက်နွှယ်မှုတို့နှင့်စပ်လျဉ်း၍  သုတေသနလုပ်ငန်းများဆောင်ရွက် ရာတွင်  အထောက်အကူပြုနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)