ပူတာအို-နမ်ထွမ်ခူးလမ်း(၁၄)မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

ပူတာအို   ၁၅   ဖေဖော်ဝါရီ   


ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ပူတာအို-နမ်ထွမ်ခူးလမ်း(၁၄)မိုင် မြေ သားလမ်းကို ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ခင်းခြင်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ရာ ဖေဖော်ဝါရီ(၁၃)ရက်တွင် ကျောက်ချောလမ်း ဖောက်လုပ်ခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ယင်း နမ်ထွမ်ခူးကျေးရွာအုပ်စုသည် ပူတာအိုမြို့၏ အနောက်ဘက် အစွန်ဆုံးတွင်ရှိသော ကျေးရွာအုပ်စု ဖြစ်ခြင်းကြောင့် ယခင်က ပူတာအို-နမ်ထွမ်ခူး ဆက်သွယ်ထားသည့် လမ်းပိုင်းသည် မြေသားလမ်းသာဖြစ်၍ လူ သွားလမ်းသာဖောက်လုပ်ထားပြီး မော်တော်ဆိုင်ကယ်နှင့် ကားများသွားလာရန်ခက်ခဲလျက်ရှိရာ ယခုအခါ ရာသီ မရွှေး နာရီပိုင်းအတွင်းသွားလာနိုင်တော့မည်ဖြစ်သည်။

ပူတာအို-နမ်ထွမ်ခူးလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်းပေါင်း(၇၀ဝ ဒသမ ဝ၀၈)သန်းဖြင့် (၅)မိုင်(၄) ဖာ လုံကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် Box Culvert(၂၃)စင်း ဆောက်လုပ်ခြင်းလုပ်ငန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် ဒုတိယခြောက်လပတ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်းပေါင်း(၂၅၆ ဒသမ ၂၄၀)ဖြင့် (2)မိုင် ကျောက်ချောခင်းခြင်း လုပ်ငန်း၊ Pipe Culvert (၁၂)စင်းနှင့် Box Culvert(၆)စင်း ဆောက်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးခဲ့ပြီး ယခုအခါ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ်သန်းပေါင်း(၁၈၇ ဒသမ ဝ၀၁)ဖြင့် ကျန်ရှိသည့် လမ်းပိုင်းများနှင့် Box Culvert(၄)စင်းဆောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ယင်း ပူတာအို-နမ်ထွမ်ခူး လမ်းပိုင်း(၁၄)မိုင် ကျောက်ချော ခင်းခြင်းလုပ်ငန်းပြီးစီးသွားပါက နမ်ထွမ်ခူး ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ(၃၀ဝ၀)ကျော်၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အကျိုး ပြုလာမည့်အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းပါဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

 အဆိုပါ လမ်းခင်းရန်ကျန်ရှိသည့်အပိုင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ခရိုင်အုပ် ချုပ်ရေးမှူး ဦးသန့်ဇင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ(၁၃)ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ဖုန်ကန်(ပူတာအို)