အငြင်းပွားဖွယ်ရာ ဟောင်ကောင်လုံခြုံရေးဥပဒေ တရုတ် အတည်ပြု

၃၀ ဇွန်

 

 

ဟောင်ကောင်၏ လွပ်လပ်ခွင့်များအတွက် စိုးရိမ်မှုများ ရှိလာစေပြီး ဟောင်ကောင်နှင့် ပတ်သက်၍ သြဇာအာဏာသစ်များ ပိုမိုပေးအပ်ထားသော အငြင်းပွားဖွယ်ရာ လုံခြုံရေးဉပဒေကို တရုတ်နိုင်ငံ အတည်ပြုလိုက်ပြီဖြစ်သည်။

 

 

ခွဲထွက်ခြင်း၊ အဖျက်သမားချင်း လျှို့ဝှက်ပူးပေါင်း ကြံစည်ခြင်း သို့မဟုတ် နိုင်ငံခြား အင်အားစုများနှင့် ပူးပေါင်းမှု ပြုခြင်းများကို ကျူးလွန်သည့် ဥပဒေကို ပြဌာန်းလိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လ အတွင်းက တရုတ်နိုင်ငံက ကြေညာခဲ့သည်။

 

 

ပြီးခဲ့သည့်နှစ် အတွင်းက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် ဉပဒေတစ်ခု ဖြစ်ပေါ်လာခြင်းက ဒီမိုကရေစီ အရေးလှုပ်ရှားသူများအကြား လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေခဲ့သည်။

 

 

အဆိုပါ ဉပဒေအသစ်သည် ဟောင်ကောင်ဒေသအတွက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

 

 

ဟောင်ကောင်၏ တရားစီရင်ရေး လွတ်လပ်ခွင့်ကို ပျက်ပြားစေပြီး တရုတ်ပြည်မကြီးက ဟောင်ကောင်၏ လွတ်လပ်ခွင့်ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။

 

 

လွတ်လပ်ခွင့်များ အာမခံခဲ့သည့် ထူးခြားသော သဘောတူညီချက်များဖြင့် ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှတို့၏ ထိန်းချုပ်မှုအောက်မှ ဟောင်ကောင်အား တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

 

အဆိုပါ ဉပဒေကြမ်းနှင့် ပတ်သက်ပြီး ဟောင်ကောင်တွင် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး  ပြီးခဲ့သည့်မေလအတွင်း က ပေကျင်းက အဆိုပါ ဉပဒေကို ကြေညာပြီးကတည်းက နိုင်ငံတကာက ပြစ်တင်ဝေဖန်ရှုတ်ချခဲ့သည်။ 

 

 

ခွဲထွက်ခြင်း၊ အဖျက်သမားချင်း လျှို့ဝှက်ပူးပေါင်း ကြံစည်ခြင်း သို့မဟုတ် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းမှုပြုခြင်းများကို ကာကွယ်ရန်အတွက် အဆိုပါ ဉပဒေကို လိုအပ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေဇော်ထက်

222