နမ့်ဆန်၌ မြေပြိုခြင်းမှ ကာကွယ်ထိန်းသိမ်းရန် နေဗီယာမြက်မျိုးများ စိုက်ပျိုးခြင်းဆောင်ရွက်

နမ့်ဆန်  ၃၀   ဇွန်

           

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတိုက် အရှေ့ဘက်ခြမ်းရှိ မြေကွက်လပ်၌ မိုးတွင်းကာလ မြေပြိုခြင်း ကာကွယ်နိုင်ရန်အတွက် ကြီးထွားမြန် နေဗီယာမြက်မျိုးများကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

           

 

အဆိုပါ နေဗီယာမြက်မျိုးသည် အပင်နှင့်အမြစ်များ သန်စွမ်းမှုအားကောင်းရန်အတွက် ကမ်းပါး နေရာမျိုးနှင့် မြေပွသည့်နေရာမျိုးတွင် စိုက်ပျိုးခြင်းအားဖြင့် သဘာဝဘေးဒဏ်ဖြစ်သည့် မြေပြိုခြင်းမှ ကာကွယ်သည့်အပြင် ယင်းမြက်များကို ကျွဲ၊ နွားများအား အစာကျွေးလို့ ရသည့်အတွက် များစွာအကျိုးရှိပြီး မြေလွတ်၊ မြေလပ်နေရာများ ရှိပါက စိုက်ပျိုးထားသင့်ကြောင်း၊ ယခုတွင်လည်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေဗီယာမြက်မျိုးပင် သုံးအိတ် ခန့်မှန်းအပင်ရေ ၁၀ဝ၀ ခန့်ကို ဇယန်းကြီးကျောင်းတိုက် အရှေ့ဘက်ခြမ်း မြေကမ်းပါးထိန်းသိမ်းမှုအတွက် စိုက်ပျိုးနိုင်အောင် မျိုးပင်များကိုထောက်ပံ့ပေးပြီး  နောက်ထပ် နေဗီယာမြက်မျိုးပင် တစ်အိတ် အပင်ရေ ၄၀ဝ ကျော်ကို ကျေးရွာဒေသခံတောင်သူများ စိုက်ပျိုးနိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ တစ်ဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

 

အောင်မိုး(နမ့်ဆန် ပြန်/ဆက်)