ဂန့်ဂေါတွင် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း

ဂန့်ဂေါ  ၃၀  ဇွန်

           

 

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းဆည်ရေသောက်ဧရိယာဧကအတွင်းရှိ ရွှေဘို၊ သာလင်း၊ တောင်ခင်ရန်း၊ မြောက်ခင်ရန်း ကျေးရွာများတွင် ရေအသုံးချရေးအဖွဲ့များကို ယမန်နေ့က ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန တည်ဆောက်ရေး(၈)က ကြီးမှူး၍ ဖွဲ့စည်းသည်။

           

 

ထိုသို့ ဖွဲ့စည်းရာတွင် ရွှေဘိုရွာတွင် ၂၄ ဖွဲ့ ၊ သာလင်းရွာတွင် ၉ ဖွဲ့၊ တောင်ခင်ရန်းရွာတွင် ၁၂ ဖွဲ့ ၊ မြောက်ခင်ရန်းရွာတွင် ၅ ဖွဲ့တို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြသည်။

           

 

ရေအသုံးချရေးအဖွဲ့နှင့်စပ်လျဉ်း၍ “ရေဖြန့်ဖြူးရာမှာ တောင်သူတွေကိုယ်တိုင် အချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ ရေအသုံးချခြင်းလုပ်ငန်းများတွင် မိမိဘာသာဖန်တီးနိုင်ဖို့ ဖွဲ့စည်းတာဖြစ်ပါတယ်” ဟု တည်ဆောက်ရေး(၈) လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်စိုးက ပြောသည်။

           

 

အဆိုပါ ရေအသုံးချရေးအဖွဲ့ ဖွဲ့စည်းရာတွင် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန(ပခုက္ကူ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်၊ တည်ဆောက်ရေး(၈) လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်စိုးနှင့် အဖွဲ့က ဦးဆောင်ကွင်းဆင်းဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

 

 

တောင်သားမောင်သန်း