လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ   ၃၀   ဇွန် 

 

မိုးရာသီအတွင်း မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးခြင်း စသော သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က လူသွားလူလာများပြားသည့် လှိုင်းဘွဲမြို့မဈေးနှင့် ယာယီ ပျံကျဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင် လုပ်ဆောင်ရမည့် အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားစဉ် အိမ်တွင်း(သို့)အိမ်အပြင်တွင်ရှိပါက အန္တရာယ် ကင်းစွာ လုပ်ဆောင်ရမည့်အချက်များ၊ မြေပြိုဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားသည့် အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ချိန်တွင်  ပြုလုပ်ရမည့်အချက်များ၊ ရေကြီးခြင်း အန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ဆောင်ရွက် ရမည့်  အချက်များအား နှိုးဆော်ခြင်း လက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)