စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်း ချုပ်လုပ်မှု ပြိုင်ပွဲ ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်

မုံရွာ  ၃၀  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော  ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူ ဒေါ်မေဖြူစင်ငြိမ်း(May Phyu Sin Nyein)အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆု ပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ တက်ရောက်လာကြသူများက ပြည်သူနှင့်အတူ အားလုံးပူးပေါင်း၍ လုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်းအမှာစကားပြောကြားပြီး Covid-19 ကာကွယ် ထိန်းချုပ်ရေးအတွက် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆု ရရှိသူ ဒေါ်မေဖြူစင်ငြိမ်း(May Phyu Sin Nyein)အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆုနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှတ်တရ လက်ဆောင် ဆုတံဆိပ်နှင့် Tablrt တစ်စုံကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်တွင်းဖြစ်ပိတ်စ နှာခေါင်းစည်းချုပ်လုပ်မှု ပြိုင်ပွဲတွင် ပြည်သူ့အကျိုးပြုဆု၌ ဒုတိယဆုရရှိသူ ဒေါ်မေဖြူစင်ငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)