ရှားတောမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၁၂ ဦးအား မိုးလုံလေလုံ အားကစားရုံ စောင့်ကြည့်ရေး စခန်းတွင် လက်ခံထားရှိ

ရှားတော ၄  ဇူလိုင်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား စောင့်ကြည့်ရေး စခန်းကို မြို့နယ်မိုးလုံလေလုံ အားကစားရုံ၌ Community Based facility Quarantine ဖွင့်လှစ်ထားရှိရာ ယမန်နေ့ည ၇ နာရီအချိန်က ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၂ ဦးကို လက်ခံကြိုဆိုခဲ့သည်။

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၁၂ ဦးအား မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် ကော်မတီဝင်များက လက်ခံကြိုဆိုပြီး နေထိုင် စားသောက်ရေး စီမံဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဦးရေနှင့် ခရီးသွားရာဇဝင်များ စနစ်တကျ စိစစ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၂ ဦးအား မိုးလုံလေလုံအားကစားရုံတွင် အသွားအလာကန့်သတ် စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်းတို့သည် ထိုင်းနိုင်ငံ ဒုက္ခသယ်မှ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ပြီး ဖရူဆိုမြို့နယ်တွင် နေထိုင်သူ ၁၁ ဦး နှင့် ရှားတောမြို့နယ် သရီးဒါး ကျေးရွာတွင် နေထိုင်သူ ၁ ဦး စုစုပေါင်း ၁၂ ဦး ဖြစ်ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)