တနင်္သာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ စုပေါင်းလုပ်အားပေး ဆောင်ရွက်ရာသို့ ကြည့်ရှုအားပေး

ထားဝယ် ၄ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့် နယ်မြေခံ တပ်နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများသည် ယနေ့နံနက် ၇ နာရီက ထားဝယ်မြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျောင်းဖွင့်ရာသီအမီ ကျောင်းသား၊ ကျောင်းသူများ ကူးစက်ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး၊ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ရေ‌မြောင်းများအား စု‌ပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

 

အဆိုပါ လုပ်အားပေးဆောင်ရွက်ရာသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။

 

အလားတူ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ မိတ်ဖက်အဖွဲ့များက မြိတ်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ မိတ်ဖက်အဖွဲ့များက ကော့သောင်းမြို့၊ အမှတ်(၁) ခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စုပေါင်းလုပ်အားပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား