မိုးညှင်းမြို့ ဗဟိုအကျဉ်းထောင်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်မှုနှင့် ရှာဖွေရေး​ပြုလုပ်ခြင်းတို့ဆောင်ရွက်

မိုးညှင်း ၃ သြဂုတ်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ဗဟိုအကျဉ်းထောင်တွင် ​မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ထောင်လှန့် ဇာတ်တိုက်လေ့ကျင့်မှုနှင့် ရှာဖွေရေး​ပြုလုပ်ခြင်းတို့ကို သြဂုတ် ၂ ရက် နံနက် ၆ နာရီအချိန်က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိုးညှင်းဗဟိုအကျဉ်းထောင်၌ တာဝန်ခံ ဦးစီးအရာရှိနှင့် အဖွဲ့ (၆၈) ဦးနှင့် မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝင်းကျော်အောင် ဦးစီးသည့် အဖွဲ့စုစုပေါင်း (၂၁) ဦးတို့က လက်နက် အင်အားများဖြင့် ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်မှုနှင့် အကျဉ်းထောင် အိပ်ဆောင်အမှတ် (၁) ၌ အထူးရှာဖွေရေး ပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

နီတိုး