ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား (၃၇၆)ဦး မြဝတီ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂)ဂိတ်မှ ဆက်လက်ဝင်ရောက်

မြဝတီ  ၁၂   ဩဂုတ် 

ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့်  မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ ယနေ့ နံနက် ၆ နာရီမှ မွန်းတည့်  ၁၂ နာရီအထိ အမျိုးသား(၂၁၉)ဦးနှင့် အမျိုးသမီး(၁၅၇)ဦး စုစုပေါင်း(၃၇၆)ဦး ရှိကြောင်း သိရသည်။


အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူများနှင့် စက်ရုံလုပ်ငန်းများ ရက်လကြာစွာ ပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသောသူများဖြစ်သည်။ အဆိုပါ ပြန်ဝင်ရောက်လာသောသူများကို  မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီး Quarantine Center သို့ စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#MRTV