အင်ဒိုနီးရှားနိုင်ငံက Thomas and Uber Cups ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာ

၁၂ စက်တင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံက  Thomas and Uber Cups ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဒီနေ့ (စနေနေ့) မှာ ကြေညာလိုက်ပါတယ်။ 

 

ဒိန်းမတ်နိုင်ငံမှာ နောက်လအတွင်း ကျင်းပမယ့်ပြိုင်ပွဲကို အားကစားသမားတွေအတွက် စိုးရိမ်ရတာကြောင့် သွားရောက် ယှဉ်ပြိုင်မှာမဟုတ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို အင်ဒိုနီးရှားရော တခြားနိုင်ငံတွေမှာပါ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက် အခုလို ဆုံးဖြတ်တာဖြစ်ကြောင်း အင်ဒိုနီးရှား ကြက်တောင်အဖွဲ့ (PBSI) က ပြောကြားပါတယ်။ 

 

Thomas and Uber Cups ပြိုင်ပွဲဟာ မူလက မတ်လမှာ ကျင်းပဖို့ဖြစ်ပေမယ့် ပြိုင်ပွဲကျင်းပရက်ကို နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းပြီးဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပြိုင်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်တဲ့ ပဉ္စမမြောက် နိုင်ငံဖြစ်ပါတယ်။ 

 

ဩစတြေးလျ၊ ထိုင်ဝမ်၊ ထိုင်း နဲ့ တောင်ကိုရီးယားတို့ကလည်း ပြိုင်ပွဲမှာ မပါဝင်ကြောင်း ကြေညာထားပြီးဖြစ်ပါတယ်။ 

 

MDN
ကိုးကား-AFP