ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဗဟန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ အခြေခံစားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ၁၆  စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း ဗဟန်းမြို့နယ်ရှိ ပြည်သူများသို့ အခြေခံ စားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ အခြေခံစားသောက်ကုန် ပစ္စည်းများကို လှူဒါန်းကြသည်။

 

အဆိုပါ လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလအတွင်း ဗဟန်းမြို့နယ် အတွင်းရှိ အသွားအလာ ကန့်သတ်သည့်နေရာများမှ ပြည်သူများ အပြင်မထွက်ရ၍ အလုပ်မလုပ်နိုင်ကြသည့် ဝင်ငွေမရှိသော ပြည်သူများအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်၊ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ပဲခြမ်း စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)