ချင်းပြည်နယ်မှ အခြားတိုင်းဒေသကြီးများသို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာယီရပ်ဆိုင်းထားကြောင်းသိရ

ဟားခါး  ၁၆  စက်တင်ဘာ                    

 

ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလ အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  ချင်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီသို့ ပြေးဆွဲလျက်ရှိသော ခရီး သည်တင်ယာဉ်လိုင်းများအား စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်၍ ယာယီရပ်ဆိုင်းထားပြီး ဟားခါး−ကလေး ခရီးသည် ယာဉ်လိုင်းတစ်ခုသာ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

mdn

 

ချင်းပြည်နယ် ဟားခါးမြို့မှ အခြားတိုင်းဒေသကြီးများသို့ ပြေးဆွဲနေသော ခရီးသည်ယာဉ်လိုင်း အချို့ ယာယီရပ်ဆိုင်း ထားသော်လည်း ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မဖြစ်ပေါ်စေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိပြီး ၊ ကုန်တင်ယာဉ်ဖြင့် ဝင်ရောက်လာသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပြီးမှသာ ခွင့်ပြုပေးခြင်း ၊ ကုန်တင်ယာဉ်ဖြင့် မြို့တွင်းသို့ ဝင်ရောက် ခွင့်မပြုဘဲ တင်ဆောင်လာသည့် ကုန်စည်များကို သက်ဆိုင်ရာ ကုန်စည်ကားဝင်း၌ သာ ရပ်နား၍ ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ရန်တို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးစောမြင့်ထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)