ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့အတွက် ရာဇဝတ်မှုတွေ ကျဆင်းကြောင်း FBI ထုတ်ပြန်

၁၆ စက်တင်ဘာ

 

 

အမေရိကန် နိုင်ငံတွင် အကြမ်းဖက်မှုနဲ့ ခိုးမှုတွေစတဲ့ ရာဇဝတ်မှုတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေချိန် အတွင်းမှာ သိသိသာသာ ကျဆင်းနေကြာင်း FBI က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့အတွက် အသွားအလာ ကန့်သတ်ထားတဲ့အတွက် ၂၀၁၉ ခုနှစ်ကထက် လူသတ်မှုဟာ ၁၄.၈ ရာခိုင်နှုန်း ကျဆင်းခြင်းနဲ့ မုဒိမ်းမှုဟာလည်း ၁၇.၈ ရာခိုင်နှုန်း ကျဆင်းတာကို တွေ့ရပါတယ်။

 

 

အလားတူ အကြမ်းဖက်မှုပါတဲ့ ဓါးပြမှုမှာ ၇.၁ ရာခိုင်နှုန်း ကျဆင်းကြောင်း၊ ခိုးမှုမှာ ၂၀၁၉ ခုနှစ်ရဲ့ ပထမခြောက်လထက် အနည်းငယ် ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဒါပေမယ့် မီးရှို့မှုကတော့ ပြီးခဲ့တဲ့ နှစ်ထက်များကြောင်း အထူးသဖြင့် မြို့ကြီးတွေနဲ့ နိုင်ငံ့ အနောက်ပိုင်းမှာဖြစ်ကြောင်း သိရပါတယ်။

 

 

နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ အကြမ်းဖက် ရာဇဝတ်မှု မျိုးစုံဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ တောင်ပိုင်းမှာ ၂.၅ ရာခိုင်နှုန်း ကျဆင်းကြောင်းနဲ့ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်မြောက်ပိုင်းမှာတော့ အနည်းငယ် ကျဆင်းကြောင်း FBI ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

MDN

ကိုးကား- AFP

a1