မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ညတိုင်း ပြသလျက်ရှိ

နေပြည်တော် ၁၆ စက်တင်ဘာ

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ်သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ည ၈ နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ  စက်တင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ်(၇)အဖြစ် ဂီတမှူးကိုသက်(Oasis) တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ထွန်းထွန်းဝင်း၊ ရန်အောင်၊ စိုးသူ၊ မင်းဦး၊ အလင်းရောင်၊ ပိုင်တံခွန်၊ မိုးထက်မြင့်၊ စိုးပြည့်သဇင်၊ ဆုပန်ထွာ၊ အေးမြဖြူတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

အဆိုပါတင်ဆက်ခဲ့မှုကို စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်