ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့လူနာ ဇူလိုင်လနောက်ပိုင်း အများဆုံးဖြစ်လာ

၂၄ စက်တင်ဘာ

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကြာသပတေးက တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ လူနာအရေအတွက်ဟာ ဇွန်လနောက်ပိုင်းမှာ အများဆုံးတွေ့ရှိတဲ့ ပမာဏဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

မြို့တော်မော်စကိုမှာ နေ့စဉ် ပိုးတွေ့လူနာပေါင်း ၇၀၀ ဝန်းကျင် တွေ့ရှိနေရာမှ စက်တင်ဘာ ၁၅ ရက်ကစပြီး ပိုးတွေ့လူနာအရေအတွက် ပြန်လည်များလာကြောင်း သိရပါတယ်။ ကြာသပတေးနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ လူနာပေါင်း ၁,၀၅၀ ဦးရှိရာ ဇွန်လနောက်ပိုင်းမှာ တွေ့ရတဲ့ပမာဏ အများဆုံးဖြစ်လာပါတယ်။

ရုရှားနိုင်ငံတစ်နိုင်ငံလုံးမှာ ကြာသပတေးနေ့တွင် ပိုးတွေ့လူနာပေါင်း ၆,၅၉၅ ဦး ရှိတဲ့အတွက် ဇူလိုင် ၁၂ ရက်နောက်ပိုင်းမှာ အများဆုံးပိုးတွေ့ဦးရေ ဖြစ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁,၁၂၈,၈၃၆ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၉,၉၄၈ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ရုရှားနိုင်ငံဟာ ကမ္ဘာမှာ ကပ်ရောပိုးကာကွယ်ဆေးကို အစောဆုံး ထုတ်လုပ်နိုင်တဲ့နိုင်ငံအဖြစ် ဂုဏ်ယူနေပါတယ်။ ရုရှားနိုင်ငံထုတ် ကိုရိုနာကာကွယ်ဆေးကို Sputnik V လို့ အမည်ပေးထားပြီး အဲဒီဆေးကို လူတွေအများကြီးနဲ့ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။ ဆေးစမ်းသပ်နေတဲ့ လူတွေမှာ ကာကွယ်ရေးဝန်ကြီးနဲ့ မော်စကို မြို့တော်ဝန်တို့ပါ ပါရှိကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP