ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်လျက်ရှိ

နေပြည်တော် ၂၉ စက်တင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

သို့ပါ၍ စက်တင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင် ကျန်းမာရေးပညာရှင် ကြီးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ သွေးရည်ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌ၊  သွေးရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြ၊ ကူးစက်ရောဂါဗေဒ အကြံပေးပညာရှင် ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ် -၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများ ပြန်လည်ဖြေကြားချက်ကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်