MPT Myanmar National League 2020 ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ၂၉ စက်တင်ဘာ

MPT Myanmar National League 2020 ပွဲစဉ် (၂၀)၊ ပွဲစဉ်များအနက် ISPE FC အသင်းနှင့် Yangon United FC အသင်းတို့သည် စက်တင်ဘာ (၃၀) ရက်တွင် လည်းကောင်း၊ Shan United FC အသင်းနှင့် Yadanarbon FC အသင်းတို့သည် အောက်တိုဘာ (၁)ရက်တွင် လည်းကောင်း ညနေ(၃) နာရီခွဲမှ စတင်၍ ရန်ကုန်ရှိ Y.U.S.C ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါ ဘောလုံးပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့်  MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ (၃)နာရီမှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ပါကြောင်း သိရသည်။

သတင်းစဉ်