ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၇၉၇ ဦး ထပ်မံတွေ့ရှိ၊ ရောဂါပိုးရှိသူ စုစုပေါင်း ၁၂၄၂၇ ဦး ရှိသွားပြီ

နေပြည်တော် ၂၉ စက်တင်ဘာ

စက်တင်ဘာ ၂၈ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၆၁၃၅ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၇၉၇ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၂၄၂၇ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၁၂၄၂၇ ဦးအနက် သေဆုံးသူ ၂၈၄ ဦးနှင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၃၉၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်