ရေနံချောင်းမြို့၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း စတင်ဖွင့်လှစ်ပို့ချ

ရေနံချောင်း ၂၆ အောက်တိုဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို အောက်တိုဘာ ၂၆ ရက် နံနက် နာရီက အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်း စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းမှာရှိတဲ့ မဲရုံ ၁၅၉ ရုံမှာ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၃၁၈ ဦးကို ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ အဖွဲ့သုံးဖွဲ့ခွဲပြီးတော့ စာသင်ခန်း သုံးခန်းမှာ တစ်ရက်လျှင် တစ်ဖွဲ့နှုန်းနဲ့ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချိုချိုလွင်က ပြောသည်။

သင်တန်းတွင် ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပြုချက်များ၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ၊ မသန်စွမ်းမဲဆန္ဒရှင်များ လက်လှမ်းမီနိုင်သော ဆန္ဒမဲပေးခြင်း၊ မဲရုံပိတ်သိမ်းခြင်းနှင့် မဲရေတွက်ခြင်းတို့အား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မကွေးခရိုင်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်သူရ၊ ရေနံချောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းနှင့် တာဝန်ရှိသူများက သရုပ်ပြမဲရုံပြင်ဆင်ထားမှုနှင့် သင်တန်းဖွင့်လှစ်ပို့ချနေမှုတို့အား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ကိုစိုးကြီး(ပြန်/ဆက်)