တရားရုံးချုပ် တရားသူကြီးအဖြစ် ဘာရက်ကို ခန့်အပ်နိုင်ခြင်းဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲအကြို အောင်မြင်မှုဖြစ်လာ

၂၇ အောက်တိုဘာ

 

 

အမေရိကန် အထက်လွှတ်တော်က သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ တရားသူကြီး အေမီ ကိုနီ ဘာရက် ကို တရားရုံးချုပ် တရားသူကြီးအဖြစ် တနင်္လာနေ့က ခန့်အပ်လိုက်တာဟာ သမ္မတ ထရမ့်အတွက် ရွေးကောက်ပွဲ မတိုင်မီ ၈ ရက်အလိုမှာ အောင်မြင်မှု ဖြစ်လာကြောင်း သိရပါတယ်။

 

 

ရီပါပလစ်ကန် ပါတီအမတ်တွေ လွှမ်းမိုးတဲ့ အထက်လွှတ်တော်ကနေ တရားသူကြီး ဘာရက်ကို ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၄၈ နဲ့  တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

 

 

ဆန္ဒမဲကြေညာစဉ်မှာ လွှတ်တော် စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ရီပါပလစ်ကန် အမတ်တွေက လက်ခုပ်တီးပြီး ဂုဏ်ပြုတာမျိုး လုပ်ခဲ့တာကို တွေ့ရပါတယ်။ အိမ်ဖြူတော်က နောက်ဆုံး အတည်ပြုပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပရန် စီစဉ်ထားပါတယ်။

 

 

အေမီကိုနီ ဘာရက်ကို တရားရုံးချုပ် တရားသူကြီးအဖြစ် ကြေညာအပြီး ကျမ်းကျိန်ပွဲ သမ္မတ ထရမ့် တက်ရောက်ကြောင်း သိရပါတယ်။

 

 

အသက် ၄၈ နှစ်အရွယ် ဘာသာရေး ရှေးရိုးစွဲ အေမီ ကိုနီ ဘာရက် ကို ကွယ်လွန်သွားတဲ့ တရားရုံးချုပ် တရားသူကြီး ရုသ် ဒတ်ဒါ ဂင်းစဘတ် နေရာမှာ အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။

 

 

အထက်လွှတ်တော်ရဲ့ လူနည်းစု ခေါင်းဆောင် ဒီမိုကရက်တစ် ပါတီဝင် ချက်ခ် ရူးမားက အခုမဲပေးပွဲမှာ အနိုင်ရနိုင်ပေမယ့် ယုံကြည်မှုတော့ ရမှာမဟုတ်ကြောင်း ပြိုင်ဘက် ရီပါပလစ်ကန်တွေကို ပြောကြားလိုက်ပါတယ်။

 

 

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ သန်း ၆၀ ပေးပြီးကြောင်း ထုတ်ပြန်ထားပါတယ်။

 

 

MDN

ကိုးကား - AFP

a2