အောက်စဖို့ဒ်တက္ကသိုလ်နဲ့ Astra Zeneca တို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ၇၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ထုတ်ပြန်

၂၃ နိုဝင်ဘာ

ဗြိတိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ Astra Zeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ဒီနေ့ (တနင်္လာနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ Astra Zeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေး ထိုးထားတဲ့သူတွေထဲက ၆၂ ကနေ ၉၀ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ပိုးကနေ ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

Pfizer နဲ့ Moderna ဆေးကုမ္ပဏီတို့လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအထိ အစွမ်းထက်ကြောင်း ကြေညာအပြီးမှာ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးရဲ့ အောင်မြင်မှုကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်မယ့် ဆေးဟာ Pfizer နဲ့ Moderna ဆေးကုမ္ပဏီတွေက ထုတ်တဲ့ဆေးထက် ဈေးချိုပြီး ဆေးသိမ်းဆည်းမှုက လွယ်ကူကြောင်း သိရပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်က ကမ္ဘာ့နေရာအနှံ့အပြားမှာ Pfizer နဲ့ Moderna တို့က ဆေးတွေထက် အလွယ်တကူရနိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး စမ်းသပ်ရာတွင် အရွယ်ရောက်ပြီးသူ ၂၃,၀၀၀ ကျော်ပါဝင်ကြောင်း၊ နောက်ထပ် စမ်းသပ်မှုတွင် လူပေါင်း ၆၀,၀၀၀ အထိ ပါဝင်မယ်လို့ သိရပါတယ်။

ဆေးသပ်မယ့်နေရာတွေကတော့ အမေရိကန်၊ ဂျပန်၊ ရုရှား၊ တောင်အာဖရိ၊ ကင်ညာနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ ဖြစ်ကြောင်း နောက်ထပ် စမ်းသပ်မှုတွေကို ဉရောပနဲ့ အာရှနိုင်ငံတွေမှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MDN

ကိုးကား - AFP