လုပ်ခလစာတစ်ဝက်အထိလျှော့ယူပြီး ဘာစီလိုနာအသင်းမှာ ၂၀၂၆ အထိ ဆက်ရှိနေဖို့ သဘောတူညီ ခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ ယခင်ရရှိနေတဲ့ လုပ်ခလစာရဲ့ တစ်ဝက်အထိ လျှော့ယူပြီး ဘာစီလိုနာအသင်းမှာ ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီဟာ ဘောလုံးရာသီ တစ်ရာသီမှာ ပေါင် ၁၂၃ သန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဇွန် ၃၀ ရက်က ကုန်ဆုံးခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီက ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ဘာစီလိုနာအသင်းမှာ အရင်ကလက်တွဲခဲ့တဲ့ နည်းပြဟောင်း ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းဆီ သွားရောက်ကစားဖို့လည်း ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးစုစုပေါင်း ၆၇၂ ဂိုး သွင်းယူပေးခဲ့ကာ အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စပိန်လာလီဂါ ဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ် ဖလားလေးကြိမ်နဲ့ စပိန်ကိုပါဒယ်ရေးဖလား ခုနစ်ကြိမ်အထိ ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

တိုက်စစ်မှူး မက်ဆီဟာ ယခုနှစ် ဇွန်လနဲ့ ဇူလိုင်လတို့မှာ ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အာဂျင်တီးနား အသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်