မြန်မာအိုင်ဒေါလ်ကို ခံစားချက်နဲ့အားပေးဟု သက်မွန်မြင့်ပြောကြား

mdn

၂၂ နိုဝင်ဘာ


မြန်မာအိုင်ဒေါလ်တွင် ပြိုင်ပွဲဝင်များထဲမှ အက်စတာကို အကြိုက်ဆုံးဖြစ်ကြောင်း ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်က ပြောကြားသည်။ လူမှုကွန်ရက်ပေါ်တွင်လည်း အက်စတာကို ကြိုက်နှစ်သက်ကြောင်းနှင့် တေးသံရှင်မဒီနှင့် တူကြောင်းဖော်ပြထားသည်။


“အားလုံးကတော်ကြပါတယ်။ ဒါပေမယ့် လူတိုင်းက အကြိုက်ချင်းတော့ တူနိုင်မှာမဟုတ်ဘူးပေါ့။ ကျွန်မ ကတော့ အက်စတာကို ကြိုက်တာပေါ့။ ကိုယ့်ခံစားချက်တစ်ခုကိုပဲပြောတာပါ။ အားပေးတာကတော့ အကြိုက်ဆုံးကို အားပေးမိတာပါပဲ” ဟု သက်မွန်မြင့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။


မြန်မာအိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲသည် သီချင်းဆိုပြိုင်ပွဲများအနက် ထင်ရှားလူကြိုက်များပြီး အားပေးကြ သူများကလည်း ကိုယ်နှစ်သက်သည့် အဆိုရှင်ကို တစ်ခဲနက်အားပေးလျက်ရှိကြသည်။


သက်မွန်မြင့်သည် ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားဟန်လွှဲအစီအစဉ်ကို အောင်မြင်စွာ တင်ဆက်လျက်ရှိပြီး အားပေးသူများစွာရရှိလျက် အနုပညာလုပ်ငန်းများကြားမှ အချိန်ပေးတင်ဆက်လျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။

“ခရီးသွားပြည်သူတွေနဲ့ အနုပညာရှင်တွေအမှတ်မထင် ဆုံတွေ့တာတွေကိုလည်း ရိုက်ကူး တင်ဆက်ထားပေးပါတယ်။ ခရီးသွားမြင်ကွင်းတွေ၊ အတွေးအမြင်တွေ၊ အတွေ့အကြုံတွေကို ခရီးသွားဟန်လွှဲ တီဗွီစီးရီးလေးကနေ တင်ဆက်ပေးနေတယ်” ဟု သက်မွန်မြင့်ထံမှ သိရသည်။

 

ရှီလာ