ဒုတိယဝန်ကြီး ဦးစိုးအောင် ဂျပန်နိုင်ငံ တရားရေးရာဝန်ကြီး Ms. Mori Masako နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၂ ဒီဇင်ဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ တရားရေးရာဝန်ကြီး Ms. Mori Masako နှင့်အဖွဲ့ အား အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန်နိုင်ငံတွင် သဘာဝဘေးခံစားရပြီး နောက်ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုများအား မြန်မာနိုင်ငံမှ လာရောက်လေ့လာနိုင်စေရန် စီမံဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကဲ့သို့ ဂျပန်နိုင်ငံတွင် လည်းရေဘေးနှင့် သဘာဝဘေးဒဏ်များ ကြုံတွေ့ရသည့်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနှင့်ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို နည်းပညာအကူအညီသုံး၍ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားမည့်ကိစ္စ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးနေမှု၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေမှုများ၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် JICA အပါအဝင် ဂျပန်နိုင်ငံမှ လူမှုအဖွဲ့အစည်းများက ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်