မြောင်းမြ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ခရီးသည်တင် မော်တော်ယာဉ်များတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

မြောင်းမြ ၂၉ မတ် 

 

မြောင်းမြတွင် (COVID-19) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ခရီးသွားပြည်သူများ ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ခရီးသည်တင် မော်တော်ယာဉ်များတွင် ပိုးသတ်ဆေးဖျန်းရာ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင့်တင့်ကျော် တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

 

1644

 

မြောင်းမြ-ရန်ကုန် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ ပိုးသတ်ဆေးဖျန်းခြင်းကို နေ့စဉ် ဆောင်ရွက်နိုင်ရေးအတွက် မော်တော်ယာဉ်ပိုင်ရှင်များ၊ ဂိတ်မှူးများအား စနစ်တကျ ဆေးဖျော်စပ်နည်း ကို လက်တွေ့ပြသပေးခဲ့သည်။

 

1711


      
မြောင်းမြမြို့ အဝေးပြေးကားကြီးဝင်းအတွင်း အဝေးပြေးယာဉ်လိုင်း (၇)ဂိတ်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ခရီးသည်များကို ဂိတ်တွင် ပို့ဆောင်ပြီးချင်း မော်တော်ယာဉ်ကို ပိုးသတ်ဆေးဖျန်း ကာကွယ်မှုပြုလုပ်ရန် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ Bleaching Powder ကို အခမဲ့ ဖြန့်ဝေပေးထားကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)