လော့စ်အိန်ဂျယ်လိစ် မှာ မီးငြှိမ်းသတ်ရင်း မီးသတ်သမား ၁၁ ဦး ဒဏ်ရာရရှိ

၁၇ မေ

 

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်(LA)ရှိ ကုန်သွယ်ရေးအဆောက်အဦတစ်လုံးမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပေါ်တဲ့အတွက် အနည်းဆုံး မီးသတ်သမား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ စနေနေ့ညနေပိုင်းက လောင်ကျွမ်းတဲ့ မီးကို ငြှိမ်းသတ်ရန် မီးသတ်သမား ၂၃၀ ပါဝင်ရခဲ့ပြီး နှစ်နာရီ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာနရဲ့ အရာရှိက ပြောပါတယ်။

 

လော့စ်အိန်ဂျယ်လိစ်မီးသတ်ဌာနမှ ဗိုလ်ကြီး အဲရစ်ခ်စကော့ က တွိုင်းစီးတီးရှိ တစ်ထပ်တိုက်အဆောက်အဦမှာ မီးလောင် ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီမီးလောင်မှုမှာ ပေါက်ကွဲမှုပါဖြစ်ခဲ့ကြောင်း၊ မီးသတ်သမားတွေ မီးလောင်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာပြင်းထန်မှုရှိမရှိကိုတော့ မသိသေးကြောင်း၊ မီးလောင်မှုဖြစ်ပွားခြင်း အကြောင်းအရာ ကို စုံစမ်းနေကြောင်း ပြောပါတယ်။

 

လော့စ်အိန်ဂျယ်လိစမြို့တော်ဝန်က မီးလောင်ရတဲ့အကြောင်းအရင်းကို အနီးကပ် စုံစမ်းနေကြောင်း၊ သတ္တိရှိရှိ မီးငြှိမ်းသတ်ခဲ့တဲ့ LA မီးသတ်သမားတွေနဲ့ အတူ ရှိနေကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

 

MDN

ကိုးကား - AFP