COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၂၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၄၆၇) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၄) ခုနှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊ စုစုပေါင်း (၆၄၂)ခုအား (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက်စောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

 

၂။ (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၄) ဦးရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၂၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၀၂၆) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၂၅) ခု နှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊ စုစုပေါင်း (၁,၃၁၂)ခုအား စစ်ဆေးခဲ့ပြီး (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

 

#MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

 

Crd > ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန