၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ

နေပြည်တော် ၁၇ စက်တင်ဘာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဇူလိုင်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၁၅ ဒသမ ၃၀ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၂၄ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၆၆ ဒသမ ၅၄ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၉၉ ဒသမ ၆၅ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၇၇ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၀၉ ဒသမ ၄၂ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဇူလိုင်လအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၇၅ ဒသမ ၉၆ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၁၂ သန်း ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၈၁ ဒသမ ၇၈ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၈၂၁ ဒသမ ၀၂ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၈၀၂ ဒသမ ၈၀ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၆၀ ဒသမ ၄၁ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၄၀ ဒသမ ၆၈ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၃၀၁ ဒသမ ၀၉ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဇူလိုင်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁၁၀၃ ဒသမ ၈၉ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၈ ဒသမ ၂၉ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

သတင်းစဉ်