၂၀၂၀ ပြည့်နှစ်အတွင်း e-Commerce Guidelines ထုတ်ပြန်သွားမည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် e-Commerce Virtual Conference ကို ၂၀၂၀ ပြည့်နှစ် မေ ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါညီလာခံတွင် ဝန်ကြီးဌာနက e-Commerce Guidelines ရေးဆွဲလျက်ရှိသည့် အခြေအနေများနှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း ထုတ်ပြန်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အများပြည်သူသို့ အသိပေးခဲ့ကြောင်း သိရှိရသည်။ e-Commerce Guidelines အောက်တွင် ပါဝင်လာမည့် e-Commerce (online shop)များအတွက် မိမိသဘောဆန္ဒအလျောက် မှတ်ပုံတင်သည့်စနစ် (Voluntary Registration System)သည် ပြည်သူအများ စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

ထို့ကြောင့် e-Commerce Virtual Conference ကျင်းပခဲ့သည့် အခြေအနေများနှင့် မိမိသဘောဆန္ဒ အလျောက် မှတ်ပုံတင်သည့်စနစ် ပါဝင်လာမည့် e-Commerce Guidelines များ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီအောင် နှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်-


မေး။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ကျင်းပခဲ့တဲ့ e-Commerce Virtual Conference အခြေအနေကို သိပါရစေ။

ဖြေ။ ။ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့
COVID - 19 စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan-CERP)ရဲ့ ပန်းတိုင် (၅)မှာပါတဲ့ e-Commerce နဲ့စပ်လျဉ်းတဲ့ စီမံချက်(၅)ရပ် ကို အချိန်တိုအတွင်း အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာနအဖြစ် ထည့်သွင်း ထားပါတယ်။


e-Commerce ဆိုတာ အားလုံးသိတဲ့အတိုင်း ဂေဟ စနစ်မှာပါဝင်တဲ့ ချိတ်ဆက်လုပ်ငန်းစဉ်တွေ အင်မတန် များပြားပြီး ပုဂ္ဂလိကဦးဆောင်တဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ခု ဖြစ်တဲ့အတွက် CERP မှာပါတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေး ဖို့နဲ့ အစိုးရရဲ့ Political Willingness ကို ပြသဖို့ ဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အစိုးရ- ပုဂ္ဂလိက Dialogue တစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။


Social Distancing Measure ကို ကျင့်သုံးနေတဲ့ အချိန်ဖြစ်တဲ့အတွက် အွန်လိုင်းကို အသုံးပြုခဲ့တာဖြစ်ပြီး လူအများပါဝင်နားထောင်နိုင်တဲ့ ညီလာခံအဖြစ် ဆောင်ရွက် နိုင်ခဲ့တာမို့ ထိရောက်တဲ့ ညီလာခံတစ်ခုလို့ ဆိုချင်ပါတယ်။ ညီလာခံကို ဝန်ကြီးဌာနက တာဝန်ယူကျင်းပခဲ့တာ ဖြစ်ပါ တယ်။ ပါဝင်ဆွေးနွေးခဲ့သူ အစိုးရဌာနတွေက ကိုယ်စား လှယ်တွေ၊ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေနဲ့ အသိ ပညာရှင်၊ အတတ်ပညာရှင် စုစုပေါင်း ၂၈ ဦးနဲ့ စိတ်ပါဝင်စား စွာ မှတ်ပုံတင်တက်ရောက်ခဲ့သူပေါင်း ၄၅၀ ရှိပါတယ်။


မေး။ ။ e-Commerce Virtual Conference မှာ
e-Commerce Guidelines ရေးဆွဲနေတယ်လို့ အသိပေးပြောကြားခဲ့တာကိုလည်း သိရှိခဲ့ရပါတယ်။ Guidelines မှာ ဘာတွေပါတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ နဲ့ ရေးဆွဲဖြစ်ခဲ့တယ်၊ ဘယ်အချိန်လောက် အပြီးသတ် ထုတ်ပြန်နိုင်မယ်ဆိုတာတွေကို သိပါရစေ။
ဖြေ။ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ကုန်သွယ်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ e-Commerce Task Force အဖွဲ့ဝင် ဌာနဆိုင်ရာ ကိုယ်စားလှယ် ၁၇ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဂျပန်နိုင်ငံ(METI)ရဲ့ အထောက်အပံ့၊ AOTS ရဲ့ စီစဉ်မှုနဲ့ ဂျပန်နိုင်ငံရဲ့ e-Commerce Legal Legislation ပြုလုပ်ပုံနဲ့ လုပ်ငန်းတွေ လည်ပတ်ပုံကို သွားရောက်လေ့လာသင်ကြားခွင့်ရခဲ့ ပါတယ်။ ဂျပန်နိုင်ငံမှာ သီးခြား e-Commerce Law ရယ်လို့ မရှိဘဲ Premiums and Representation Act Personal Information Protection Act Electronic Contract Act Specified Commercial Transactions Act Antimono-poly Act Unauthorized Computer Access Act Consumer Contract Act စတဲ့ ဥပဒေတွေအောက်ကပဲ ထိန်းကျောင်းတာကို တွေ့ရှိခဲ့ရပြီး Law အသီးသီးမှာ ပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေကို Interpret လုပ်ဖို့ Guideline on Electronic Commerce ကို ထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ e-Commerce Law ကို မူကြမ်းရေးဆွဲနေတဲ့ကာလဖြစ်ပြီး e-Commerce လုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့၊ စားသုံးသူတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ မူဝါဒတွေချမှတ်ဖို့ အရေးပေါ် လိုအပ်တဲ့ အချိန်ဖြစ်တာမို့ လက်ရှိဥပဒေတွေအောက်ကနေ ဆက်စပ်တဲ့ မူဝါဒထိန်းကျောင်းမှုတွေကို စုစုစည်းစည်း ဖော်ပြနိုင်တဲ့၊ အခြားအကာအကွယ်မရှိသေးတဲ့ နယ်ပယ် တွေကို ဖော်ပြပေးနိုင်မယ့် Guidelines တစ်ခုကို အမြန်ဆုံး ရေးဆွဲနေခြင်း ဖြစ်ပါတယ်။ Guideline ကို ကာလနဲ့အညီ ပြုပြင်ပြောင်းလဲလို့ရတဲ့ Live Document အနေနဲ့ ထားရှိ သွားမှာ ဖြစ်ပါတယ်။


မေး။ ။ Guidelines ဆွဲတာ ဘယ်အဆင့်ရောက်နေပြီလဲ၊
ဘယ်လိုအကြောင်းအရာတွေ ပါဝင်ပါသလဲ။

ဖြေ။ ။ e-Commerce Guidelines ရေးဆွဲတဲ့နေရာမှာ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှာ လက်ရှိ ဆွေးနွေးညှိနှိုင်းနေတဲ့ Elements တွေကိုလည်း ထည့်သွင်း စဉ်းစားသလို အာဆီယံရဲ့ e-Commerce Guidelines ပါ အချက်တွေ၊ ASEAN e-Commerce သဘောတူညီချက် တွေနဲ့လည်း သွေဖည်ခြင်းမရှိစေဘဲ နိုင်ငံရဲ့ လက်ရှိအခြေ အနေနဲ့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းတွေအပေါ်မှာ အခြေခံပြီး ဘက်ပေါင်းစုံကနေ ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိပါတယ်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ အစိုးရ-ပုဂ္ဂလိက ဆွေးနွေးတိုင်ပင်မှု (Consulta-tion) ဖြစ်စဉ်ကို အလေးထားတဲ့အတွက် e-Commerce Guidelines ရေးဆွဲရာမှာ Stakeholder တွေ ပါဝင်နိုင်ရေးနဲ့ all inclusive ဖြစ်စေရေးအတွက် ဂေဟစနစ်မှာ ပါဝင်ကြတဲ့ ဌာနတွေ၊ လုပ်ငန်းတွေနဲ့ အသင်းအဖွဲ့တွေကို အကြံဉာဏ် တွေပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Guideline မူကြမ်းကို မေ ၈ ရက်မှာ ဌာနဆိုင်ရာ တွေနဲ့ ဆက်စပ်အသင်းအဖွဲ့တွေဆီ ဖြန့်ဝေခဲ့ပြီး Payment Industry များကို မေလ တတိယပတ်အတွင်းမှာ ဖြန့်ဝေ ခဲ့ပါတယ်။ လက်ရှိမှာတော့ လက်ခံရရှိတဲ့ ပြန်ကြားချက် တွေကို စိစစ်လျက်ရှိပြီး International e-Commerce Lawer ရဲ့ အကူအညီနဲ့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ ပြင်ဆင်ပြီးမူကြမ်းကို ထပ်မံဖြန့်ဝေခြင်း၊ Consultation ပြုလုပ်ခြင်း၊ ထပ်မံပြင်ဆင်ခြင်း၊ အထက် ဌာနများသို့ တင်ပြအတည်ပြုခြင်း စတဲ့လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Guidelines ကို ဒီနှစ်မကုန်မီ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ Guidelines မှာ ကိုးကားချက်၊ ရည်ရွယ်ချက်၊ အဓိပ္ပာယ်များ၊ ဥပဒေရေးရာနယ်ပယ်၊ တရားစီရင်ပိုင်ခွင့်၊ အနာဂတ်ပြင်ဆင်ရေး၊ သက်ဆိုင်သောဥပဒေများနှင့် စည်းမျဉ်းများ၊ e-Commerce စီးပွားရေးလုပ်ငန်းများ၏ တာဝန်ဝတ္တရား၊ e-Commerce အရောင်းအ၀ယ်ကိစ္စ၊ စာချုပ်များချုပ်ဆိုခြင်း၊ e-Commerce စားသုံးသူကာကွယ် ရေး၊ လိမ်လည်မှုနှင့် အထင်အမြင်မှားစေသောအပြုအမူများ၊ ကုန်ပေးပို့ခြင်း၊ ကုန်ပစ္စည်းပြန်ပို့၊ ပြန်အမ်း၊ နစ်နာကြေးကိစ္စ များ၊ စျေးကွက်ရှာဖွေခြင်း၊ anti-spam ကိစ္စများ၊ အသိပညာ ပေးခြင်း၊ ကိုယ်ရေးအချက်အလက်နှင့် အချက်အလက် ကာကွယ်ခြင်း၊ IPR နှင့် ပလက်ဖောင်းတာဝန်ဝတ္တရားများ စတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။
ဒီမှာ ပြည်သူအများ အထူးအာရုံစိုက်စရာကိစ္စရပ် အဖြစ် ပါဝင်လာမှာကတော့ မိမိသဘောဆန္ဒအလျောက် မှတ်ပုံတင်တဲ့စနစ်(Voluntary Registration System)ပဲ ဖြစ်ပါတယ်။

မေး။ ။ e-Commerce (online shop)တွေအတွက်
မိမိသဘောဆန္ဒအလျောက် မှတ်ပုံတင်တဲ့စနစ် (Voluntary Registration System)လုပ်ဆောင်နေတဲ့အတွက် အဲဒီမှတ်ပုံတင်စနစ်က ဘယ်လိုဆိုတာကို သိပါရစေ။


ဖြေ။ ။ မြန်မာနိုင်ငံမှာ အီလက်ထရောနစ် အသုံးပြု
လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အထူးသဖြင့် online shop တွေ လုပ်တဲ့နေရာမှာ formal marketplace/ platform တွေက ဆောင်ရွက်ခြင်းထက် social media facebook တွေပေါ်ကနေ ရောင်းချဆောင်ရွက်ကြတဲ့ အရေ အတွက်က ပိုမိုများပြားတာကို တွေ့ရှိရပါတယ်။ အဲဒါကြောင့် ရောင်းသူဝယ်သူတွေအကြားမှာ ယုံကြည်မှု ပိုမိုမြှင့်တင်နိုင်ဖို့နဲ့ marketplace/platform တွေက တစ်ဆင့် ရောင်းချမှုတွေ ပိုမိုများပြားလာဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ online shop တွေအတွက် မိမိသဘောဆန္ဒအလျောက် မှတ်ပုံတင်တဲ့ (voluntary registration) စနစ်တစ်ခုကို ဆောင်ရွက်ပေးနိုင် ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
မှတ်ပုံတင်နိုင်တဲ့ အရည်အချင်းသတ်မှတ်ချက်အဖြစ် ယေဘုယျအနေနဲ့ကတော့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)အရ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီဖြစ်ဖို့၊ https .com (သို့).com.mm စတဲ့ တရားဝင် Domain Name / Sub Domain Name တွေနဲ့ မှတ်ပုံတင်ထားရှိပြီး online shop ဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ဖို့၊ လက်ရှိ ပြည်တွင်းမှာ အခြေပြုပြီး အွန်လိုင်းက ကုန်စည်(သို့) ဝန်ဆောင်မှု ရောင်းဝယ်ဖောက်ကားခြင်း ဆောင်ရွက်နေတဲ့ လုပ်ငန်း ဖြစ်ဖို့၊ ဆောင်ရွက်မယ့်ကုန်စည်ရောင်းဝယ်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အခြားဆက်စပ်ဌာနတွေရဲ့ ခွင့်ပြုချက်ကို ရရှိပြီးလည်းဖြစ်ဖို့ ကနဦး ဆွေးနွေးထား ပါတယ်။


မှတ်ပုံတင်တဲ့အခါ အွန်လိုင်းပေါ်ကနေ တင်နိုင်တဲ့ စနစ်ဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး မှတ်ပုံတင်ကြေး ပေးဖို့မလိုဘဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။


မှတ်ပုံတင်တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ Marketplace တွေကို ဦးစွာမှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန် payment delivery services တွေ၊ social media ကရောင်းချနေတဲ့ social commerce တွေကိုတော့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
အခုလို မှတ်ပုံတင်တဲ့အတွက် ရောင်းသူဝယ်သူ အကြား ယုံကြည်မှုပိုမိုရနိုင်မယ်။ ရောင်းသူဝယ်သူအကြား အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်လာမယ်ဆိုရင်လည်း ဥပဒေ လမ်းကြောင်းအရ မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်မယ်။ Informal ဆောင်ရွက်နေတဲ့ Social Commerce လုပ်ငန်း တွေကိုလည်း မှတ်ပုံတင်ထားတဲ့ Marketplace တွေဆီကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။


မေး။ ။ e-Commerce ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့
အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လည်း ဘယ်လိုလုပ်ငန်းစဉ်တွေမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုပါတယ်။


ဖြေ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
က United Nations Conference on Trade and Development-UNCTAD နဲ့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် မှာ အီလက်ထရောနစ်အသုံးပြုလုပ်ငန်းတွေရဲ့ အဆင်သင့် ဖြစ်မှုအခြေအနေကို ဆန်းစစ်ချက်ပြုလုပ်ခဲ့ပါတယ်။ ဆန်းစစ်ချက်ပါ တွေ့ရှိချက်တွေကို အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များပါဝင်တဲ့ Donor Roundtable ကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးမှု မိတ်ဖက်တွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ကတိကဝတ်တွေကို ရရှိခဲ့ပါတယ်။
လက်ရှိ EIF Tier 2 အဆင့်အဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းအောက်ကနေ E-Commerce Strategy ကို UNCTAD အဖွဲ့အစည်းနဲ့ ပူးပေါင်းရေးဆွဲနေပါတယ်။
သြစတြေးလျနိုင်ငံ Department of Foreign Affairs and Trade-DFAT ရဲ့ နည်းပညာအထောက်အပံ့နဲ့ Digital Trade Policy Framework ကို ရေးဆွဲနေပါတယ်။ ဒါ့အပြင် DFAT ရဲ့ နည်းပညာအထောက်အပံ့နဲ့ ကိုဗစ်ကာလအတွင်း Offline မှ Online ကို ကူးပြောင်းမယ့် လုပ်ငန်းငယ်တွေ အတွက် အထောက်အကူပြု Good Practice Guide တွေကို ထုတ်ဝေသွားမှာဖြစ်ပြီး အစားအသောက်နှင့် ကုန်စုံလုပ်ငန်း များ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး၊ Consumer Good များ လက်လီရောင်းချခြင်းလုပ်ငန်းများ အတွက် Good Practice Guide လေးခုကို ၂၀၂၀ ပြည့်နှစ် မေလကုန်မှာ မူကြမ်းထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။


EU Myanmar ARISE Plus စီမံကိန်း အောက်မှာ SME လုပ်ငန်းတွေ ဒစ်ဂျစ်တယ်ကုန်သွယ်မှု အသွင်ကူးပြောင်း ပြီး ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ရေး အထောက်အကူပြု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ CERP ပါ စီမံချက်တွေကို အချိန်တိုအတွင်း အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် တခြားသော ဖွံ့ဖြိုးမှု မိတ်ဖက် တွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။


မေး။ ။ ညီလာခံကျင်းပမှုကို ပြန်လည်ထုတ်လွှင့်သွားဖို့
အစီအစဉ်ရှိရင် ဘယ်လို ပြန်လည်ထုတ်လွှင့်ဖို့ စီစဉ်ထားသလဲဆိုတာ သိပါရစေ။


ဖြေ။ ။ ညီလာခံ ကျင်းပဆွေးနွေးမှုတွေကို ပြည်သူလူထု
ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် အပိုင်း လိုက် Editing Video တွေအဖြစ် မီဒီယာတွေကတစ်ဆင့် ပြန်လည်ထုတ်လွှင့်သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။


မေး။ ။ ပြည်သူတွေသိရှိစေဖို့ ဘာများ ဖြည့်စွက်
ပြောကြားချင်ပါသေးလဲ။
ဖြေ။ ။ ၂၀၁၇ ခုနှစ်က စတင်ပြီး e-Commerce နဲ့
ပတ်သက်တဲ့ အစိုးရ-ပုဂ္ဂလိက ဆွေးနွေးမှုတွေ၊ ဖွံ့ဖြိုးမှုမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (DEDC) အောက်မှာ ဖွဲ့စည်းထားတဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်မှု ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို တာဝန်ပေးအပ်ခဲ့ပြီး DEDC ရဲ့ လမ်းပြ မြေပုံကို လိုက်ပါအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ် တွေလည်း ရှိပါတယ်။


e-Commerce မဟာဗျူဟာကို ရေးဆွဲလျက်ရှိပြီး တော့ အခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်သွားဖို့လည်း ရည်ရွယ် ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ e-Commerce ဂေဟစနစ် ဖွံ့ဖြိုးစေဖို့ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူက ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေဖို့ ကျွန်တော်တို့ဘက်ကလည်း အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
မင်းမင်းဇော်၊ ဟန်နီဝင်း(သတင်းစဉ်)