၂၀၂၁ ခုနှစ်တွင် ဟာဇက်၏ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် မြင်တွေ့ရမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် ခန့်မှန်း

၁၈ နိုဝင်ဘာ

 

 

ဘယ်လ်ဂျီယံ ကစားသမား ဟာဇက်အနေနဲ့ လတ်တလောမှာ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုတွေနဲ့ ဘောလုံးပြန်မကစားနိုင်သေးပေမယ့်  ၂၀၂၁ ခုနှစ် အရောက်မှာတော့ ဟာဇက်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည်မြင်တွေ့ရဖို့ ရှိနေတယ်လို့  ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်က ခန့်မှန်းလိုက်ပါတယ်။

 

 

ဟာဇက်က ၂၀၁၉ ခုနှစ်မှာ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းကို ယူရို သန်း ၁၀၀နဲ့ ပြောင်းရွှေ့ခဲ့ပြီး    ရီးယဲလ်အသင်းကို ရောက်ရှိလာကတည်းက ဒဏ်ရာပြဿနာတွေနဲ့သာ အချိန်ကုန်နေခဲ့ကာ ရီးယဲလ်အတွက်   ပြိုင်ပွဲစုံ ၂၅ ပွဲသာ ဝင်ရောက်ကစားပေးနိုင်ခဲ့ပါတယ်။  ကြွက်သားဒဏ်ရာကြောင့် အောက်တိုဘာ ၂၇ အထိ ဝင်ရောက် မကစားပေးနိုင်ခဲ့ဘဲ  သုံးပွဲဝင်ရောက်ကစားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပြန်လည် အနားယူနေရတာ ဖြစ်ပါတယ်။

 

 

မာတီနက်ဇ်က “ယခုနှစ်ကတော့ သူ့အတွက် အတော့်ကို ရှုပ်ထွေးတဲ့နှစ်လို့ ဆိုရပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်ကျရင်တော့ သူ့အတွက် ဒဏ္ဍရီဆန်တဲ့နှစ် ဖြစ်လာနိုင်ပြီး နိုင်ငံအသင်းအတွက်လည်း များစွာ အထောက်အပံ့ဖြစ်မှာပါ” လို့  ပြောကြားခဲ့ပါတယ်။

 

 

မေလဲ့သင်း