(၇၃)ကြိမ်မြောက်(၅)မြို့နယ် ရွှေကျင် ဂိုဏ်းလုံးဆိုင်ရာ ဝိနည်းစာတော်ပြန်ပွဲကြီးကျင်းပ

ကျောင်းကုန်း ၈   ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဒက္ခိဏာရာမ(ရွှေကျင်)ပရိယတ္တိစာသင်တိုက်၊ဓမ္မကေသရမဉ္စရီဗိမာန်တွင် ယနေ့နံနက်(၉)နနာရီအချိန်က (၇၃)ကြိမ်မြောက်(၅) မြို့နယ် ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာဝိနည်းစာတော်ပြန်ပွဲကြီး ကျင်းပခဲ့သည်။

အဆိုပါဝိနည်း စာတော်ပြန်ပွဲကြီးကို နာယကဆရာတော်ကြီးများမှကြီးမှူး ၍ဂေါပကအဖွဲ့ဝင်လူကြီးများနှင့် ပူးပေါင်းကျင်းပခဲ့ပြီး သာသနာတော်အတွက်များစွာအရေးပါကြောင်း ဒက္ခိဏာရာမ(ရွှေကျင်)ပရိယတ္တိ စာသင်တိုက်မှ ဩ၀ါဒစရိယဆရာတော် ဘဒ္ဒန္တ နန္ဒာစရိယ က မိန့်ကြားခဲ့သည်။

 

‌ေ

 

ဝိနည်းစာတော်ပြန်ပွဲကြီးကို မြန်မာသက္ကရာဇ် ၁၃၈၁ -ခုနှစ်၊တပို့တွဲလဆန်း (၁၂)ရက်နေ့မှတပို့တွဲလဆန်း(၁၄)ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားခဲ့ပြီး ယနေ့ လပြည့်နေ့တွင် ဆုနှင်းသဘင်ကျင်းပခဲ့ခြင်းဖြစ်သည်။

စာတော်ပြန်ပွဲကြီးသို့ မြို့နယ်ငါးမြို့နယ်ဖြစ်သည့် ပုသိမ်၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ အိမ်မဲ၊ဓနုဖြူမြို့နယ်များမှ ကြီးကြပ်သံဃာတော်များ အပါအဝင် သာမဏေ/ရဟန်း သံဃာစုစုပေါင်း အပါး(၁၉၀)ကြွရောက်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

ယနေ့ ဆုနှင်းသဘင်တွင် မူလတန်း အဆင့်(၁၃)ပါး၊ ပထမအဆင့်(၃၇)ပါး၊ ဒုတိယအဆင့်(၂၅)ပါး၊ တတိယအဆင့် (၃၇)ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)