(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကောလင်းမြို့၌ ကျင်းပ

ကောလင်း  ၂၁ နိုဝင်ဘာ 

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၇နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

 

2

 

အခမ်းအနားကို ကျောင်းသားကျောင်းသူကလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော  သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဖတ်ကြားသည်။

 

 

၎င်းနောက် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သော အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူကလေးများက ဇာတိမာန် သီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

5

 

 

မြင့်ထွန်းမင်း(ပြန်/ဆက်)