အာဖဂန် နာဂါဟာပြည်နယ်အရှေ့ပိုင်းတွင် အာဖဂန်တပ်များ က အိုင်အက်စ်စစ်သွေးကြွနှစ်ဦးအား ဖမ်းဆီးရမိ

၂၂ နိုဝင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် စစ်သွေးကြွများကို နှိမ်နင်းသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့က အိုင်အက်စ်အဖွဲ့ဝင် စစ်သွေးကြွနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ကြေညာချက်တစ်ရပ် ယနေ့ ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ လုံခြုံရေးတပ်ဖွဲ့များသည် မိုမန် ဒရာခရိုင်တွင် ပုံမှန်စစ်ဆေးခြင်းနှင့် ရှင်းလင်းစစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း အိုင်အက်စ်စစ်သွေးကြွနှစ်ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးအတွက် ရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့ကြောင်း ထိုထုတ်ပြန်ချက်ရ သိရသည်။

 

၎င်းလုံခြုံရေးတပ်ဖွဲ့များသည် အာဖဂန်နိုင်ငံ အခြားနေရာရှိ စစ်သွေးကြွများအား ဆက်လက်လိုက်လံဖမ်းဆီးမည် ဟုလည်း ဖော်ပြထားသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အိုင်အက်စ်အုပ်စု သည် မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ် က နာဂါဟာပြည်နယ် တွင် အစ္စလာ့မ်နိုင်ငံတော်အုပ်စုမှ အဖွဲ့ဝင် ၆၀၀ ကျော်နှင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၎င်းတို့၏မိသားစုများသည် လုံခြုံရေးတပ်ဖွဲ့များထံ အညံ့ခံခဲ့ကြကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို