အာဖဂန်နစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေသဖြင့် ဉဇဘက်-အာဖဂန် နယ်စပ် ယာယီပိတ်

ဇွန် ၂၂

ဉဇဘက်ကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေစဉ် နိုင်ငံသားများ ဉဇဘက်-အာဖဂန်နယ်စပ် ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားခဲ့သည်ဟု ဉဇဘက် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

သံတမန်များ၊ ကောင်စစ်ဝန်ရုံးဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများ၏ယာဉ်မောင်းများအတွက်သာ နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်မည် ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

ဉဇဘက်နှင့်အာဖဂန်နိုင်ငံသားများ နေရပ်သို့ပြန်လာလျှင် နယ်စပ်ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်သော်လည်း နိုင်ငံခြားသားကိုမူ ဉဇဘက်ကစ္စတန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပေ။

ဉဇဘက်ကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀၆၄၅၂ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၇၁၈ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို