အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇၃ ဦး ရှိလာ

၃ ဧပြီ

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြု ထပ်မံ ကူးစက်ခံရသူ အရေအတွက် ၁၉ ဦးရှိပြီး  ကူးစက်ခံရသူပေါင်း ၂၇၃ ဦး ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wahidullah Mayar က သောကြာနေ့တွင် ပြောကြားခဲ့သည်။

 

ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ ထပ်မံကူးစက်ခံရသူ ၁၉ ဦးရှိကြောင်း၊ ယင်းရောဂါကူးစက်ရာ ဗဟိုချက်ဖြစ်ပြီး အီရန်နိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသည့် ဟီရတ်ပြည်နယ်တွင် အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး လေးဦး ၊အခြားပြည်နယ်များတွင် လေးဦး တို့ဖြစ်ကြောင်း သိရသည်။

 

မြို့တော် ကဘူးလ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၁၄ ဦးအထိ ရှိသည်ဟု Mayar က ဝန်ခံခဲ့သည်။

 

ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်ကာ ကူးစက်ခံရသူ ခြောက်ဦးသေဆုံးခဲ့ပြီး အခြား ၁၀ ဦးမှာ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

ထိုကူးစက်ရောဂါ ထိန်းချုပ်ရန်အတွက် အစိုးရက ဟီရတ်နှင့်ကဘူးလ် အပါအဝင် မြို့ကြီးများတွင် သီတင်းပတ်သုံးပတ်ကြာ အသွားအလာ ကန့်သတ်ထားပြီး နေအိမ်တွင် ဆက်လက်နေထိုင်ကြရန် ပြည်သူများကို တိုက်တွန်းထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို