အာဖဂန်နစ္စတန်နိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ခြောက်ဦး ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

၁၈ ဖေဖော်ဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ် ငါးခုတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ခြောက်ဦးကို အာဖဂန်နစ္စတန်မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့(CNPA) က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ပြောကြားခဲ့သည်။

 

သီးခြား ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ကာပီဆာ၊ ဘတ်ဟစ်၊ ခို့တ်၊ နန်ဂါဟာ နှင့် ဟီရတ်စသည့် ပြည်နယ် ငါးခုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ခြောက်ဦးကို (CNPA) က ဖမ်းဆီးခဲ့ကြောင်း ထိုဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တရားမဝင် မူးယစ်ဆေးဝါး အများအပြား၊ လက်ပစ်ဗုံး နှစ်လုံး နှင့် အေကေ-၄၇ ရိုင်ဖယ် တစ်လက် တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု (CNPA) က ထိုထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို