အာဖဂန်နစ္စတန်တောင်ပိုင်း ဟယ်လ်မန်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ ငါးဦး သေဆုံး

၁၀ စက်တင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟယ်လ်မန်ပြည်နယ်တွင် ဂီရတ်ခ်ခရိုင်တွင် ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွာသဖြင့် စစ်သွေးကြွ ငါးဦးသေဆုံးကြောင်း အတည်ပြုထားပြီး အခြား ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရစစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

 

တာလီဘန်စစ်သွေးကြွအုပ်စုတစ်စုက လုံခြုံရေးစစ်ဆေးရေးဂိတ်များကို ကြာသပတေးနေ့အစောပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သားများက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ယင်းစစ်သွေးကြွများ ထွက်ပြေးတိမ်းရှောင်သွားကြောင်းနှင့် စစ်သွေးကြွ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူ ကိုးဦး ရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုဒေသတွင် စစ်သွေးကြွများ ထောင်ထားသည့် မိုင်းဗုံး ၁၄ လုံးကို အာဖဂန်တပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမိုင်းဗုံးများကို ဖယ်ရှားခဲ့ကြသည်။

 

ပြည်နယ်မြို့တော် လက်ရှ်ကာ ဂတ်ရှ်နှင့် ဟယ်လ်မန်ပြည်နယ်တို့တွင် အနှောင့်အယှက်ပေးနေသော တာလီဘန်စစ်သွေးကြွများဘက်ကမူ မှတ်ချက်ပြုပြောကြားခြင်း မရှိပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို