အာဖဂန်နစ္စတန်တွင် မီးဖွားဆေးရုံ တိုက်ခိုက်ခံရသဖြင့် မွေးကင်းစ ကလေးများအပါအဝင် ၁၄ ဦး သေဆုံး

၁၃ မေ

 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် တွင် မီးဖွားဆေးရုံတစ်ရုံ တိုက်ခိုက်ခံရသဖြင့် မွေးကင်းစ ကလေးများအပါအဝင် ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

မြို့တော် ကဘူးလ်ရှိ ထိုဆေးရုံတွင် ယမန်နေ့က သေနတ်သမားများ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

၎င်းဆေးရုံကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ နယ်စည်းမခြားဆရာဝန်များ အသင်း က စီမံခန့်ခွဲသည်။

 

ကလေးများ၊ မိခင်များနှင့် သူနာပြုများ သည် စစ်သွေးကြွများနှင့်လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုများအကြား ပိတ်မိကာ မြေစာပင် ဖြစ်ခဲ့ရသည်။ ယင်းပစ်ခတ်မှုကြောင့် လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ထိုတိုက်ခိုက်မှု ဖြစ်ပွားချိန်၌ ၎င်းဆေးရုံပတ်ဝန်းကျင်တွင် လူ ၁၀၀ ခန့်ရှိသည်ဟု ယင်းဆေးရုံ သတင်းရပ်ကွက် က ဆိုသည်။လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေနတ်သမားသုံးဦး သေဆုံးခဲ့သည်ဟု သတင်းဖော်ပြထားသည်။

 

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်းမရှိပေ။အာဖဂန်နစ္စနိုင်ငံသည် တာလီဘန်နှင့် အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု တို့၏ အကြမ်းဖက်မှုများနှင့် တွေ့ကြုံခဲ့ရသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံများကို  တိုက်ခိုက်မှုများသည် စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို