အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၁၀ ဦး၊ ကူးစက်ခံရသူ စုစုပေါင်း ၁၀၂၄ ဦး ရှိလာ

၃ ဧပြီ

 

အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၁၀ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၂၄ ဦး ရှိပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ယူအေအီး ကျန်းမာရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံကူးစက်ခံရသူများထဲတွင် လူမျိုးပေါင်းစုံ ပါဝင်ကြောင်းနှင့် ၎င်းတို့အားလုံး အခြေအနေဆိုးရွားမှုမရှိကြောင်းနှင့် ဆေးကုသမှုခံယူနေကြောင်း ထိုကြေညာချက်တွင် ပြောကြားထားသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅ ဦး ပြန်လည်ကောင်းမွန်လာကြောင်း နှင့် စုစုပေါင်း ၉၆ ဦးကို ကုသပေးခဲ့ကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

 

ယူအေအီးနိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများထဲတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ထုတ်ပြန်ကြေညာခဲ့သော ပထမဆုံးနိုင်ငံ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို