အစ္စရေး ကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စက္ကန့် ၃၀ အတွင်း စမ်းသပ်နိုင်တဲ့ ပစ္စည်းထုတ်လုပ်

၂၄ ဇူလိုင်

အစ္စရေးနိုင်ငံရှိ NanoScent ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ အသက်ရှူစမ်းသပ်ခြင်းမှ တစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးသည့် ကိရိယာကို ထုတ်လုပ်လိုက်ပါတယ်။

အဲဒီကိရိယာကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးမယ်ဆိုရင် ၈၅ ရာခိုင်နှုန်း သေချာမှုရှိပြီး စက္ကန့် ၃၀ အတွင်း စစ်ဆေးချက်ကို သိနိုင်ကြောင်း၊ စမ်းသပ်ကိရိယာကို အသုံးပြုရာတွင် နှာခေါင်းတစ်ဖက်မှ အသက်ရှူပြီး ကျန်နှာခေါင်းတစ်ဖက်မှ ပြန်ထုတ်သည့်လေကို အနံခံစက်ပါရှိတဲ့ အိတ်အတွင်း ရောက်ရှိစေခြင်းဖြင့် စစ်ဆေးတာမျိုးဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးအဖြေဟာ စက္ကန့်ပိုင်းအတွင်း ဗိုင်းရပ်စ်ပိုးစစ်ဆေးသူရဲ့ ဖုန်းမျက်နှာပြင်မှာ ပေါ်လာကြောင်း သိရပါတယ်။

 

mdn

 

ဒီကိရိယာကို ဓါတ်ခွဲခန်း နေရာမှာ အစားထိုးသုံးစွဲမှာ မဟုတ်ပေမယ့် လူအများအပြားကို ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးရာတွင် အထောက်အကူပြု ပစ္စည်းအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လူအများအပြားကို အချိန်အနည်းအငယ်အတွင်း ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးပြီး ပုံမှန်အခြေအနေရောက်အောင် ကူညီနိုင်ရေးအတွက် အသုံးပြုသွားရန် တီထွင်ထားခြင်းဖြစ်ပါတယ်။

NanoScent ကုမ္ပဏီက ထုတ်လုပ်တဲ့ အသက်ရှူစမ်းသပ်ကိရိယာ ထုတ်လုပ်ရန် ခွင့်ပြုမိန့်ဟာ လအနည်းအငယ်အတွင်းမှာ ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီကိရိယာရဲ့ တန်ဖိုးဟာ ၁၀ ဒေါ်လာအောက် လျော့နည်းနိုင်ကြောင်း သိရပါတယ်။ NanoScent ကုမ္ပဏီဟာ ကျန်းမာရေး အပါအဝင် နည်းပညာပိုင်းဆိုင်ရာ မှတ်တမ်းရယူခြင်း ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

MDN

ကိုးကား - AFP