အောင်ပွဲရ မြန်မာဘိလိယက် အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန် ၁၂ ဒီဇင်ဘာ        

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်သော အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘိလိယက် အားကစားအဖွဲ့မှ ရွှေတံဆိပ် (၂)ခုရရှိခဲ့သော ဘုန်းမြင့်ကျော်၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်နှင့် အမှုဆောင်များ၊ အားကစားသမားများသည် ယမန်နေ့ညတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

 

a

 

အား/ကာ(ရန်ကုန်)