အဂတိပယ်ခွာ ဥပဒေဆိုင်ရာ ဆက်စပ်မှု ဆောင်းပါးအဖြာဖြာ(သိမှတ်ဖွယ်ရာများ)

စာရေးသူ ဦးမြင့်ဆွေ(မြတ်လင်းဆွေ) စီစဉ်ရေးသားသည့် အဂတိပယ်ခွာ ဥပဒေဆိုင်ရာဆက်စပ်မှု ဆောင်းပါးအဖြာဖြာ(သိမှတ်ဖွယ်ရာများ) စာအုပ် ထွက်ရှိလာသည်။

 

အဆိုပါစာအုပ်တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဖွဲ့စည်းမှု သမိုင်းမှတ်တမ်း၊ ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ၊ အဂတိလိုက်စားမှု တားမြစ်ရေး၊ တိုက်ဖျက်ရေးတာဝန်နှင့် စွမ်းဆောင်ချက် ဆောင်းပါးများကို စုစည်းဖော်ပြထားသည်။ မျိုးဆက်သစ်အရာရှိများ၊ ဥပဒေဗဟုသုတ ရှာမှီးလိုသူများအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ရေးသားထားသည်။

ကြေးမုံ (စာအုပ်စင်)