အီသီယိုပီးယား အနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် ဓားပြ ၁၆ ဦး သေဆုံး

၁၀ နိုဝင်ဘာ

 

အီသီယိုပီးယားနိုင်ငံအနောက်ပိုင်းတွင် အပြစ်မဲ့အရပ်သားများကို မကြာသေးမီက တိုက်ခိုက်ခဲ့သည့် ဓားပြ ၁၆ ဦး သေဆုံးသွားသည်ဟု အီသီယိုပီးယားအစိုးရက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဒေသတွင်းအေးချမ်းမှုရရှိစေရန် အီသီယိုပီယားကာကွယ်ရေးတပ်ဖွဲ့၊ ဖက်ဒရယ်တပ်ဖွဲ့နှင့် ဒေသဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိုဓားပြများ သေဆုံးသွားခဲ့ကြောင်း ဘီနစ်ရှန်ဂယ်လ်-ဂူမာဇ် ဒေသဆိုင်ရာအစိုးရ၏ ယမန်နေ့ကပြောကြားချက်ကို ကိုးကားပြီး  နိုင်ငံပိုင် ဖာနာရုပ်သံထုတ်လွှင့်ကော်ပိုရေးရှင်း (FBC) က ပြောကြားခဲ့သည်။

 

အဆိုပါ ဓားပြ ၁၆ ဦး သည်  အီသီယိုပီးယားနိုင်ငံ အနောက်ပိုင်း ဘီနစ်ရှန်ဂယ်လ်-ဂူမာဇ် ဒေသ မီတီကယ်ဇုန်၊ ဒန်ဂါခရိုင်တွင်ရှိသော  အပြစ်မဲ့အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ရှိသည်ဟုဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို