အီတလီနိုင်ငံ နေပယ်စ်အဆောက်အအုံ ပြိုကျမှုဖြစ်ပွား

၃၀ အောက်တိုဘာ

 

အီတလီနိုင်ငံ အိမ်ခြေရာမဲ့များခိုလှုံရာအဖြစ် အသုံးပြုနေကြသော နှစ်ထပ် သို့မဟုတ် သုံးထပ်ရှိသော နေပယ်စ်အဆောက်အအုံတစ်လုံး ဗုဒ္ဓဟူးနေ့က ပြိုကျမှုဖြစ်ပွားခဲ့သည်။

 

ကယ်ဆယ်ရေးသမားများသည် ထိုပြိုကျမှုဖြစ်ပွားသည့် အဆောက်အအုံအပျက်အစီးများအောက်တွင် ပိမိနေနိုင်သူများကို အနံ့ခံခွေးများနှင့် ရှာဖွေလုပ်ဆောင်နေကြသည်ဟု မီးသတ်သမားများ သတင်းရပ်ကွက်က ပြောကြားသည်။

 

ထိုအဆောက်အအုံပြိုကျချိန်တွင် ခိုလှုံရာအဖြစ်အသုံးပြုနေသည့် အိမ်ခြေရာမဲ့နှစ်ဦး အိပ်ပျော်နေကြသည်ဟု ဒေသခံများက ဆိုသည်။

 

နှစ်ပေါင်း ၂၀ ကြာ လူသူကင်းမဲ့ကာစွန့်ပစ်ထားသော ထိုအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ခြင်း ဖြစ်သည်။

 

ဒဏ်ရာရသူများစာရင်းကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။

မြေထိုးစက်များဖြင့် တူးဆွကာရှာဖွေမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို