အီတလီနိုင်ငံသား စက်ဘီးစီးအဖွဲ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ နှစ်ရက်တာလေ့လာရေး ခရီးရောက်ရှိ

ပုဂံ-ညောင်ဦး  ၂၁  ဇန်နဝါရီ

 

အီတလီနိုင်ငံ Veneto ဒေသမှ Porto Viro ခရီးသည် ()ဦးပါ ကမ္ဘာ့စက်ဘီးစီးအဖွဲ့သည် ယမန်နေ့က ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့် ဘုရားများသို့ သွားရောက်လေ့လာကြပြီး ညောင်ဦးမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ကမ္ဘာ့အကြီးဆုံး သနပ်ခါးပြတိုက်သို့ သွားရောက်လေ့လာကြသည်။

 

ထို့နောက် ပုဂံ-ညောင်ဦးလေ့လာရေး ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် မင်းနန်သူကျေးရွာသို့ သွားရောက်၍ ယွန်းထည်လုပ်ငန်း၊ ရိုးရာဂျတ်ခုတ်လုပ်ငန်းနှင့် မြန်မာ့ရိုးရာ တောဓလေ့နေထိုင်မှု ပုံစံများကို လေ့လာကြပြီး စူဠာမဏိ၊ ဓမ္မရာဇက၊ ရွှေဂူကြီး၊ သဗ္ဗေညု၊ မနူဟာဘုရား၊ နန်းဘုရား၊ နန်းတော်ရာနှင့် သရပါတံခါးများကို သွားရောက်လေ့လာကြသည်။

 

ဆက်လက်၍ အဆိုပါအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက်တွင် ပုဂံ-ညောင်ဦးမြို့မှ ဟဲဟိုးမြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာမည် ဖြစ်သည်။

 

အဆိုပါ အီတလီနိုင်ငံသား () ဦးနှင့်အတူ MRTV-4 ရုပ်သံလိုင်းမှ လိုက်ပါရိုက်ကူးလျက်ရှိပြီး မြန်မာနိုင်ငံ၏ အားကစားခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ၏ အားကစား ခရီးသွားလှုပ်ရှားမှု အစီအစဉ်အဖြစ် Channel-7 ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)