အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ ညောင်ရွှေမြို့သို့ရောက်ရှိ

ညောင်ရွှေ ၂၂ ဇန်နဝါရီ

အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည်လေးဦးပါ စက်ဘီးစီးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်သို့ တောင်လေးလုံး-ခေါင်တိုင်လမ်းခွဲမှ စက်ဘီးစီးနင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

2848

 

အဆိုပါ စက်ဘီးစီးအဖွဲ့အား ညောင်ရွှေမြို့နယ် စက်ဘီးစီးဝါသနာရှင်များအဖွဲ့မှ ကြိုဆို၍ ခေါင်တိုင် သဘာဝရေပူစမ်းအထိ အတူတကွ လိုက်ပါစီးနင်းကြပြီး ခေတ္တရပ်နား အပန်းဖြေခဲ့ကြသည်။ 

 

9808

 

၎င်းမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် ညောင်ရွှေမြို့ရှိ ညအိပ်တည်းခိုရာ Teak Wood Hotel သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ညောင်ရွှေဟော်နန်း(ယဉ်ကျေးမှုပြတိုက်)၊ မိုင်းသောက်တံတားနှင့် Red Mountain ဝိုင်ခြံများသို့ မော်တော်ယာဉ်ဖြင့် သွားရောက်လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ